Vist Lovebird Mania, the website dedicated to Lovebirds MINMINKO: ဒါမျိုးတွေလည်းဖြစ်တတ်ပါတယ်(၃)
Please click play buttom to play song

Monday, September 10, 2007

ဒါမျိုးတွေလည်းဖြစ်တတ်ပါတယ်(၃)

ကျွန်တော်တို့သူငယ်ချင်းတွေက ကျောင်းကပြန်ရင် လမ်းဘေးမှာရှိတဲ့ မီနီမတ်ကလေးထဲကို ဝင်ပြီးဈေးဝယ်လေ့ရှိတယ်။ တစ်နေ့ကျောင်းကအပြန် အဲဒီမီနီမတ်ထဲကို ထုံးစံအတိုင်း ဈေးဝင် ဝယ်တာပေါ့။

ဆိုင်ထဲကိုဝင်တော့ သူငယ်ချင်းကရှေ့ကဝင်သွားတယ်။ ကျွန်တော်က နောက်မှာ ကျန်ခဲ့ပြီး သူ့ကိုမျက်ခြေပြတ်သွားတယ်။ ဆိုင်ထဲကိုရောက်တော့ ကျွန်တော်က သကြားဝယ်ချင်တယ်… ဒါပေမဲ့ သကြားကို သူတို့နိုင်ငံဘာသာနဲ့ ဘယ်လိုခေါ်လဲဆိုတာ မသိဘူး… အဲဒါနဲ့သူငယ်ချင်းကို မေးမယ်ဆိုပြီးသူငယ်ချင်းကို လိုက်ရှာတယ်… တွေ့ပြီ… ကျွန်တော်နောက်ကနေ သူ့ကိုပခုံးဖက်ပြီး မေးလိုက်တယ်… သကြားကိုသူတို့နိုင်ငံဘာသာနဲ့ ဘယ်လိုခေါ်သလဲပေါ့… အဲဒီတော့ သူကဘယ်လိုနားလည်လိုက်သလဲ မသိဘူး… ကျွန်တော့်ကို ၈ နာရီထိုးပြီလို့ပြန်ပြောတယ်… အဲဒါနဲ့ကျွန်တော်လည်း သူ့ကိုသေသေချာချာ ကြည့်လိုက်တယ်… သူ့ကိုလည်းမြင်ရော ကျွန်တော်လည်းဘာပြောရမှန်းမသိဖြစ်သွားတယ်… သူက ကျွန်တော့်သူငယ်ချင်းမဟုတ်ပဲ အဘိုးကြီးတစ်ယောက်ဖြစ်နေတာကိုး… အဲဒီတော့မှ ကျွန်တော်လည်း လူမှားတဲ့အကြောင်းပြောပြီးတောင်းပန်ရတော့တာပေါ့… အဘိုးကြီးကလည်း ကိစ္စမရှိပါဘူး… သူနားလည်ပါတယ် ဆိုတဲ့ အကြောင်းပြောပြီးထွက်သွားပါတယ်… ဒါမျိုးတွေလည်း ဖြစ်တတ်ပါတယ်နော်…

1 comment:

ရွက်ဝါ said...

အဲဒီဆိုင်မှာ ခင်ဗျာ ပီကေလည်း ၀ယ်ဖူးတယ် ဟုတ်။ ဟားဟား။