Vist Lovebird Mania, the website dedicated to Lovebirds MINMINKO: မြင့်မြတ်သူ
Please click play buttom to play song

Saturday, September 22, 2007

မြင့်မြတ်သူ

ညီငယ်ပု
ကောင်းမြတ်တဲ့ အကျင့်သီလ ရှိသူဟာ မိမိရဲ့ အကျင့်သီလကို သတိ မထား မိဘူး။
သို့ကြောင့်သူဟာ အကျင့်သီလ ရှိသူဖြစ်တယ်။
ယုတ်ညံ့တဲ့အကျင့် ရှိသူဟာ မိမိရဲ့အကျင့် မဆုံးစေဖို့ အာရုံစိုက်တယ်။
သို့ကြောင့်သူဟာ သီလမဲ့သူဖြစ်တယ်။ ကောင်းမြတ်တဲ့ အကျင့်သီလရှိသူဟာ ဘာကိုမှ မပြုလုပ် မဆောင်ရွက်ဘူး။ လျှို့ဝှက်တဲ့ သဘောနဲ့ ဆောင်ရွက်ခြင်းလည်း မပြုဘူး။ ယုတ်ညံ့တဲ့ အကျင့်ရှိသူဟာ ပြုလုပ်ဆောင်ရွက်တယ်။ လျှို့ဝှက်တဲ့သဘောနဲ့ ဆောင်ရွက်ခြင်းဖြစ်တယ်။

ကောင်းမြတ်တဲ့ သနားကြင်နာသူဟာ ပြုလုပ်ဆောင်ရွက်တယ်။ လျှို့ဝှက်တဲ့ သဘောမရှိပဲ ဆောင်ရွက်တယ်။
ကောင်းမြတ်တဲ့ တရားဖြောင့်မှန်သူဟာ ပြုလုပ်ဆောင်ရွက်တယ်။ လျှို့ဝှက်တဲ့ သဘောနဲ့ ဆောင်ရွက်တယ်။
ကောင်းမြတ်တဲ့ ယဉ်ကျေးရည်မွန်သူဟာ ပြုလုပ်ဆောင်ရွက် တဲ့အခါ အတုန့် အလှည့်ကို မရယူဘူး။ သူဟာ ယဉ်ကျေးမှုကို အများတကာ လိုက်နာစေဖို့ အမြဲ တွန်းအားပေးတယ်။
ဒါကြောင့်
အမှန်တရား ကွယ်ပျောက်တဲ့အခါ သနားကြင်နာမှု သဘောတရား ပေါ်ပေါက် လာတယ်။
သနားကြင်နာမှု ကွယ်ပျောက်တဲ့အခါ တရားမျှတမှု သဘောတရား ပေါ်ပေါက် လာတယ်။
တရားမျှတမှု ကွယ်ပျောက်တဲ့အခါ ယဉ်ကျေးရည်မွန်မှု သဘောတရား ပေါ်ပေါက် လာတယ်။
ယဉ်ကျေးရည်မွန်မှု၊ သစ္စာရှိမှုနဲ့ ရိုးသား ဖြောင့်မတ်မှုတို့ လျော့ပါးလာခဲ့ရင် ကစဥ့် ကလျား ဖြစ်မှုတွေ စတင်ပေါ်ပေါက် လာတော့တာပဲ။
ရှေ့မှာ ဖြစ်မယ့် အကြောင်းကို နိမိတ်ဖတ် ဟောပြောသူတွေဟာ အမှန်တရား ကိုဖွံ့ဖြိုးစေ သူတွေ ဖြစ်တယ်။
သူတို့ဟာ ရူးမိုက်မှုတွေရဲ့ မူလအစကိုလည်း ဟောပြောကြတယ်။ ဒါကြောင့်-
မြင့်မြတ်သူဟာ နိမ့်ကျတဲ့ နေရာမှာနေတယ်။
မြင့်မြတ်သူဟာ ဆုံးရှုံးလျော့ပါး နေတဲ့ အကျိုးတရားမှာ မနေဘူး။
မြင့်မြတ်သူဟာ ဖြစ်ထွန်းပေါ်ပေါက်နေတဲ့ အကျိုးတရား မှာသာ နေတယ်။
မြင့်မြတ်သူဟာ လှပတဲ့ စကားလုံးတွေကိုလည်း မပြောဘူး။
မြင့်မြတ်သူဟာ တစ်ခုကိုငြင်းပယ်ပြီး အခြားတစ်ခုကို လက်ခံတယ်။
Ref: The Wisdom of china စာ-၅၁ မှ Degeneration ကို ပြန်ဆိုပါသည်။
(အထက်ပါစာကို The Flower News Journal (vol-3, NO-36,SEPTEMBER 18-24,2007) မှာတွေ့လို့ သဘောကျတာနဲ့ ပြန်လည်ကူးယူ ဝေငှလိုက်ခြင်းဖြစ်ပါတယ်။ဘာသာပြန်သူကတော့ စာရေးဆရာ ညီငယ်ပု ဖြစ်ပါတယ်)
ရိုးသားခြင်း၊ မြင့်မြတ်ခြင်းကို လူတိုင်းအလိုရှိကြသည်။ ရိုးသားသောသူ၊ မြင့်မြတ်သောသူဟု အပြောခံချင်ကြသည်။ သို့သော် လူတိုင်း ရိုးသားသော သူ၊ မြင့်မြတ်သောသူများ ဖြစ်မလာကြပါ။ အဘယ်ကြောင့်ဆိုသော် ရိုးသားခြင်း၊ မြင့်မြတ်ခြင်းဟူသည် အပြောလွယ်သလောက် တကယ်လိုက်နာကျင့်ကြံဖို့ရာ အလွန်ခက်ခဲ သောကြောင့် ဖြစ်သည်။ ကျွနိုပ်တို့ အားလုံး ရုပ်ရှင်ကြည့်ဖူး ကြပါလိမ့်မည်။ ရုပ်ရှင်ထဲတွင် လူဆိုးလူမိုက်ဆိုသူများကို ပရိတ်သတ်အားလုံးက မုန်းကြပါသည်။ ပရိတ်သတ်သည် ရိုးသားသောသူ၊ မှန်ကန်သောသူ၊ စိတ်ထားမြင့်မြတ်သောသူများ ဘက်က သာလျှင် အမြဲတမ်း ရှိနေတတ်သည်။ ရုပ်ရှင်ထဲ တွင် တစ်ဦးတစ်ယောက်က အခြားတစ်ယောက်အတွက် အနစ်နာခံ ကိုယ်ကျိုးစွန့်၍ ကူညီလိုက်သည်ကို တွေ့လျှင် ထိုသူကို အလွန်ပင် အားကျကြသည်။ ထိုသူကို ကောင်းချီး ဘြဘာပေးကြသည်။ သို့သော် မိမိကိုယ်တိုင် အနစ်နာခံ ကိုယ်ကျိုးစွန့်ရမည့် အခြေနေမျိုး အမှန်တကယ် ကြုံတွေ့လာလျှင် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်သွား တတ်ကြသည်။ ထိုသူတို့ကဲ့သို့ အနစ်နာခံရန် ဝန်လေးနေကြသည်။ ရိုးသားသောသူ၊ မြင့်မြတ်သောသူ ဟူသော ဂုဏ်ပုဒ်ထက် မိမိ၏ အကျိုးကိုသာ ဦးစားပေး လိုက်ကြသည်။ ရိုးသားခြင်း၊မြင့်မြတ်ခြင်းသည် သူ့အတွက် တန်ဖိုးမရှိတော့။ သူဘဝကောင်းစားဖို့ အေးအေးချမ်းချမ်းနေရဖို့ သည်သာလျှင် သူ့အတွက်အဓိက ဖြစ်သွားသည်။ ထိုအခြေနေမျိုး၌် အမှန်တကယ် ကိုယ်ကျိုးစွန့် အနစ်နာခံနိုင်သူသည် အလွန်ပင် နဲပါးလှသည်။
အချုပ်အားဖြင့်ဆိုရသော် ကျွနိုပ်တို့သည် မြင့်မြတ်သောသူများ ဖြစ်လိုလျှင် မြင့်မြတ်သောသူများကို လေးစားနေရုံ၊ အားကျနေရုံနှင့်မပြီးပါ။ သူတို့ကဲ့သို ကျင့်ကြံနိုင်အောင် ကြိုးစားသင့်ပါသည်။

No comments: