တစ်ခုသောနံနက်ခင်းမှာ ကျွန်တော်ဈေးကိုသွားတယ်ဗျ။ သွားတာကတော့ ရည်ရွယ်ချက် နဲ့ဗျို့။ ကျွန်တော် ဈေးကို သွားတိုင်း အီလက်ထရောနစ် ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်လေး နားကို သွားပြီး ကြည့်လေ့ ရှိတယ်ဗျ။ ဆိုင်ပေါ်မှာ ဘယ်လို ပစ္စည်း အသစ်အဆန်း လေးတွေ ရောက်နေမလဲ ဆိုပြီး သွားသွား ကြည့်တာ ပေါ့ဗျာ။ ကျွန်တော်က အီလက်ထရောနစ် ပစ္စည်း တွေဆို အရမ်း စိတ်ဝင် စားတယ်။
အဲဒီဆိုင်လေးမှာ ကျွန်တော် စိတ်ဝင်စားတဲ့ ပစ္စည်းလေး တစ်ခု ရှိတယ်ဗျ။ အဲဒါကတော့ မိုက်ပါ အသုံးပြုလို့ ရတဲ့ နားကြပ် ကလေး ပေါ့ဗျာ။ အဲဒီ ပစ္စည်းလေးကို ကျွန်တော် သွားတိုင်း တွေ့တယ်ဗျ။ အထက်က ပြောခဲ့တဲ့ ရည်ရွယ်ချက် ဆိုတာ အဲဒီ ပစ္စည်းလေးကို ဝယ်မလို့ဗျို့။ ပြောရရင်တော့ အဲဒီဆိုင်ကို ကျွန်တော် ရောက်သွားရော ဆိုပါတော့ဗျာ။ ထူးထူးဆန်းဆန်းဗျာ တိုက်ဆိုင် လို့လားမသိ အဲဒီ ပစ္စည်းလေး မရှိတော့ ဘူးဗျာ။ ကျွန်တော်လဲ သွားတိုင်း တွေ့နေကျ ပစ္စည်းလေး ဝယ်မယ် ဆိုတော့မှ မရှိတော့ဘူး ဆိုတော့ ကောင်းလိုက်တဲ့ ငါ့ကံရယ် လို့တွေးပြီး စိတ်ပျက်ပျက်နဲ့ အဆောင်ကို ပြန်ခဲ့တယ်။ အဲဒီလိုနဲ့ အဆောင်မှာ ရေမိုးချိုး လမ်းထိပ်မှာ ကြာဇံချက် သောက်မယ် ဆိုပြီး ကြာဇံချက် ရောင်းတဲ့ ဆိုင်ရှိတဲ့ နေရာကို လမ်းလျှောက် သွားခဲ့တယ်။ ဆိုင်လည်း ရောက်ရော နေ့တိုင်း ဖွင့်တဲ့ ဆိုင်က ပိတ်တယ် တဲ့ဗျာ။ အဲဒါနဲ့ မထူး ပါဘူးလေ ဆိုပြီး အနီးမှာရှိတဲ့ လက်ဘက်ရည် ဆိုင်ကို သွားထိုင် လိုက်တယ်။ ဆိုင်ရောက်လို့ စားစရာ မှာပြန် တော့လည်း ၁၅ မိနစ်လောက် ကြာတဲ့အထိ ရောက်မလာဘူး။ အဲဒီအချိန် ဆိုင်မှာ ထိုင်နေတဲ့ သူလည်း သိပ်ရှိတာ မဟုတ်။ ကိုယ့်ရဲ့ ဒေါသ တွေကို ချုပ်တည်း ကိုယ့်ရဲ့ အဆင်မပြေ ဖြစ်မှု တွေကို တွေးရင်း ဟိုကြည့် ဒီကြည့် လုပ်လိုက်တာ ရွှေရောင် တဝင်းဝင်းနဲ့ စေတီက မြင်ကွင်း ထဲကို ရောက်လာတယ်။ စေတီကို မြင်တော့ သွားပြီး ပုတီးစိတ် ချင်တဲ့ စိတ်က ဖြစ်လာတာနဲ့ လက်ဘက်ရည်ဖိုး ပိုက်ဆံ ရှင်းပြီး ဘုရား ဆီကို လျှောက်လာ ခဲ့တယ်။ ဘုရားပေါ် ရောက်တော့ လှူဒါန်း ထားတဲ့ ပုတီး တစ်ကုံးကို ယူပြီး အဆင်သင့်တဲ့ တစ်နေရာမှာ ဝင်ထိုင် လိုက်တယ်။ ပြီးတော့ ဂုဏ်တော် ကွန်ချာကို စိတ်ထဲက မှတ်ပြီး ပုတီး စိတ်ခြင်း အလုပ်ကို စတင် လိုက်တယ်။ ပြီးလဲပြီးရော ဂုဏ်တော် ကွန်ချာလည်း တပတ်ပြည့် ပုတီးလည်းဆုံး အဲဒီလိုဖြစ်ရမှာ။ အခုတော့ တစ်လုံး ပိုနေတယ်။ ငါများ တစ်နေ ရာရာမှာ ကျော်ပြီး ဆိုမိ သလား တွေပြီး ပုတီးကို ပြန်ရေ ကြည့်တော့ ၁၀၉ လုံးဖြစ်နေ တယ်ဗျာ။
ကဲ… ဒါမျိုးတွေလဲဖြစ်တတ်ပါလားနော်။

1 comment:
thar du byar thar du thar du။။
Post a Comment